Sunday, October 12, 2014

GalaxSim Unlock v2.6.1 APK (Update Version)

ဒီကောင်လေးကတော့ Samsung Phone ကို ကိုင်းဆောင်းထားသော ဘော်ဒါတွေအတွက် အရမ်းအသုံး
ဝင်းတဲ့ apkလေးတစ်ခုဖြစ်ပါတယ်။ ဒီ apk ကဘာတွေကိုလုပ်ဆောင်းထားသလဲဆိုတော့Samsung Home
တွေကို ဖြည့်ပေးတဲ့ Android Application တစ်ခုဖြစ်ပါတယ်။ ဆိုပါစို့ ဘော်ဒါတစ်ယောက် နိုင်ငံခြားက
နေပြီးတော့ သင့်ရဲ့ ဆွေမျိုးက Samsung PhoneS3 ကိုလက်ဆောင်ထည့်ပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီဖုန်းက ဒီနိုင်ငံမှာ သုံးလို့မရဘူးဖြစ်နေတယ်။ပြောမယ်ဆိုရင်တော့ Sim lock ဖြစ်နေတာပေါ့ ဆိုင်တွေမှာ သွားပြင်ရင်လည်း အနည်းဆုံးကတော့ ၃သောင်းလောက်ပေးရပါတယ်။ ဒီဆော့ဝဲလေးကတော့တစ်ပြားမှ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ မိမိဖုန်းထဲမှာ Root ရှိထားဖို့လို့ပါတယ်။Sim lockကို Support ပေးတဲ့ Model တွေကတော့ S4,S3,S2,S,Note2,Note3, စတာတွေကို
Support ပေးပါတယ်။ အသုံးဝင်တဲ့ ဆော့ဝဲလေးမို့လို့ တင်ပေးလိုက်ပါတယ်။   Screen Shot တွေရိုက်ပြထားပါတယ်။

download

 http://adf.ly/sdefH 


http://abtnet.blogspot.com

4.4 , 4.3 , 4.2.2 , 4.1.X Gapp Installer လေးပါ...

 4.4 , 4.3 , 4.2.2 , 4.1.X ထိ Google Playstore သွင်းနိုင်တဲ့ Installer ဖြစ်ပါတယ်

download


http://abtnet.blogspot.com

Samsung Tab root

http://feedproxy.google.com/~r/blogspot/YoKiT/~3/RqoyXaoKipo/samsung-galaxy-tab-s-one-click-cf-auto.html
http://abtnet.blogspot.com

C8816 B182 Step2 Fail & IMEI Null Error Fixer

Step2 Fail Dload ကိုဒေါင်းရမယ့်လင့်ကိုအောက်မှာရေးထားပါတယ်။ အကယ်၍ မိမိဖုန်းက CWM သွင်းထားခဲ့မယ်ဆိုရင် StockRecovery ပြန်သွင်းဖို အောက်မှာ CWM ကနေ Flash ရမဲ့ Zip ဖိုင်တစ်ဖိုင်ကိုလည်းပြုလုပ် ထားပေးပါတယ်။ C8816 ကို B182 firmware တင်ပြီးလို့  MEID Null ဖြစ်ပြီး
SIM မသိရင်တော့ အောက်မှာဒေါင်းဖို့ ပေးထားတဲ့ bat file လေးကို Runပေးလိုက်ပါ။ မိမိ ဖုန်းကတော့ Root လုပ်ထားဖို့လိုပြီး SD ကဒ်ထည့်ထားဖို့ လိုပါလိမ့်မယ်..

အဆင်ပြေပါစေ..
toolbar
 http://d-h.st/bSU 

step fail dload

http://d-h.st/24j 

NEID.NULL

 http://d-h.st/75N 


http://abtnet.blogspot.com

♪ Huawei Sony Samsung တွေကို မြန်မာစာ မှန်ကန်အောင် ထည့်ပေးနိုင်တဲ့ 3in1 Font Tool ♫

      

MPPG က ကိုဖြိုးညီညီရေးတဲ့ Huawei Sony Samsung ၃မျိုးကို မှန်ကန်စွာ မြန်မာစာထည့်ပေးမယ့် 3in1 Font Tool လေးဖြစ်ပါတယ်။ 4.4.2 ထိ Support ရနိုင်ပြီး ဘယ်ဖုန်းကဘယ်ဟာနဲ့ချိန်းရ တယ်ဆိုတာမျိုး မဖြစ်ရအောင် Tool တစ်ခုတည်းကနေ သူဖာသာသူထည့်ပေးသွားမယ်လို့ ဆိုပါတယ်.. PC နဲ့သုံးရ မှာဖြစ်ပါတယ်..

Credit : Phyo Nyi Nyi

 http://adf.ly/shy0T 


http://abtnet.blogspot.com

Wednesday, October 1, 2014

♪ CWM ခေါ် Clock Work Mode Recovery Rom နဲ့  Android System Recovery (or) Stock recovry အကြောင်းဗဟုသုတ ♫


Recovery Rom အကြောင်း ဗဟုသုတ

တစ်ချို့ က ဖုန်းတွေကို root လုပ်ချင်တယ် မြန်မာစာ ထည့်ချင်ကြတယ်။ လုပ်နည်းလေး တွေကို
ပုံသေနည်းနဲ့ တောင်းကြတယ်။ အဲဒီ အတွက်က လုပ်ဖို့တစ်ခုပဲရှိတယ် မိမိ ကိုယ်တိုင်နားလည်
သဘောပေါက်အောင် လေ့လာဖို့ပါပဲ။

ယခု ရေးတဲ့ စာကို သေသေချာချာဖတ်ပြီး သွားရင်တော့ မိတ်ဆွေတို့ အနေနဲ့ ဗဟုသုတ တစ်ခု
တော့ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကို သေသေချာချာ ဖတ်ပြီးရင်တော့ သာမန် နားမလည်
တဲ့ သူတွေတောင် ဘာလုပ်ရမယ် ဆိုတာ နားလည်သွားအောင် ရှင်းပြ ပေးထားပါတယ်။

ဖုန်းကိုင်ထားတဲ့ မိတ်ဆွေတိုင်း ဖတ်ထားသင့် ပါတယ်လို့ ယူဆလို့ ပြန်လည် မျှဝေပေး လိုက်ပါ
တယ်ခင်ဗျာ။

Recovery မှာ (၂) မျိုးရှိပါတယ်

Android System Recovery (or) Stock recovryClock work mod recovery (or) Custom recovery ဟူ၍ နှစ်မျိုး ရှိပါတယ်...။

1. Android System Recovery (or) Stock recovry
Stock recovery ဆိုတာ ဖုန်း စဝယ်တည်းက သက်ဆိုင်ရာ Key နှိပ်လိုက်တာနဲ့ အပေါ်ဆုံးတန်း
လေးမှာ Android System Recovery လို့ ပါနေပါလိမ့်မည်။

အဲဒါကို Stock recovery လို့ ခေါ်ပါသည် သူ့မှာအောက်ပါ အတိုင်း ပါဝင်ပါတယ်။
reboot system nowapply update from external storagewipe data/factory resetwipe cache partitionapply update from cacheအဲဒါတွေ အများစု ပါဝင်တယ် တစ်ချို့တလေ ကတော့ နည်းနည်း ကွဲလွဲပါတယ်။

Stock recovery
Stock recovery မှာတော့ Factory reset လုပ်တာလောက်နဲ့ updat.zip တွေလောက်ဘဲ အ
သုံးဝင်ပါတယ် Factory reset လုပ်တာကတော့ ကိုယ့်ရဲ့ဖုန်းကို ဖုန်းဝယ်စဉ်ကအတိုင်းပြန်ဖြစ်
အောင်လုပ်တာပေါ့ အထဲက မိမိ ထားတဲ့ အရာမှန်သမျှတွေကို ရှင်းထုတ်ပေးတာ ဖြစ်ပါတယ်။

update.zip
မိမိ လိုချင်တဲ့ ဖိုင်လေးတွေ ဆောက်ပြီးတော့ သူရဲ့ system ထဲကို တစ်ခါတည်း ထည့်သွင်းတဲ့
သဘောပါ။

wipe cache
wipe cache လုပ်တယ် ဆိုတာကတော့ စက်ရဲ့ (background) က run နေတဲ့ ကောင်တွေကို
ရှင်းပေးတဲ့ သဘောပါ / ( ဥပမာ ) စက်နည်းနည်းလေး နေရင် wipe cache လေး လုပ်ပေး
လိုက်တာနဲ့ စက်နည်းနည်း ပေါ့သွားစေပါတယ်။ (wipe cache လုပ် လိုက်ရင် အထဲက data
တွေ ဘာမှမပျက် ပါဘူး)

2. Clock work mod recovery(or)Custom recovery(CWM)
Stock recovery နဲ့ နည်းနည်း ကွဲလွဲသွားပါတယ်။ Hacker တွေ တီထွင်ထားတာကို သုံးထား
တဲ့ သဘောပါ။ အရင်ကတည်းက Android က open source ဖြစ်တဲ့ အတွက် ကိုယ်လုပ်ချင်
တာ လုပ်လို့ရတယ် ဆိုတဲ့ သဘောပေါ့ ဒီကောင်လေးကတော့ Stock recovery ထက် အများ
ကြီးလုပ်ဆောင်နိုင်ပါတယ် သူ့ထဲမှာ ဘာတွေ ပါလဲဆိုရင် Stock Recovery ရဲ့လုပ်ဆောင်ချက်
တွေအပြင် တစ်ခြားထူးခြား ကောင်းမွန်လှတဲ့ လုပ်ဆောင်ချက်တွေလည်း ပါ ပါတယ်။

Clock work mod recovery မှာ
reboot system nowapply sdcard:update.zipwipe data/factory resetwip cache partationinstall zip from sdcardbackup and restoremounts and storageadvancedဆိုတဲ့ အချက်တွေ အပြင် တစ်ခြားအချက်လက် တွေလည်း ပါပါတယ် Clock work mod re-
covery ကို cwm လို့ အများက အတိုကောက်ခေါ်ဝေါ် သုံးစွဲ ကြပါတယ် cwm ရဲ့ လုပ်ဆောင်
ချက်တွေ ကတော့ ROM တစ်ခုလုံးကို Backup မှတ်လို့ ရတယ် restore ပြန်လုပ်လို့ ရတယ်
system file တွေကို ဆွဲထုတ်ပြီးတော့ sd card ထဲမှာ သိမ်းထားလို့ ရပါတယ်။

အကယ်၍ system ကို မိမိ ကလိလိုက်လို့ တစ်ခုခု ဖြစ်ရင် ပြန်ပြီးတော့ restore ပြန်လုပ်ရင်ရ
ပါတယ်။ cwm ကနေ root, မြန်မာစာတွေ ကို ထည့်သွင်းနိုင်ပါတယ်။

ဥပမာ huawei ဖုန်းတစ်လုံးကို cwm ထည့်တယ် ပြီးတော့ cwm ကနေပြီးတော့ root.zip ဆို
တဲ့ ဖိုင်လေးကို သွားပြီးတော့ flash ပေးတယ်လေ အဲဒါက cwm ထည့် ထားလို့ hacker တွေ
ထွင်ထားတဲ့ root.zip ဆိုတဲ့ ဖိုင်လေးကို သွင်းလို့ ရတာပါ။

အခုနောက်ပိုင်း root.zip ဆိုတဲ့ ဖိုင်လေး ကိုလည်း ကိုယ် ကိုယ်တိုင် ထွင်တတ် နေကြ ပါပြီ
Modify update package(custom rom) တွေကိုလည်း သွင်းနိုင်ပါသေးတယ်။

custom rom
Custom rom ဆိုတာကတော့ လက်ရှိသုံးနေတဲ့ official rom(official firmware) ကို Modify
လုပ်ပြီးတော့ ပြန်ပြင်ထားတာပါ တစ်ချို့ဖုန်းတွေမှာ ဆိုရင် official firmware တင်လို့ မရတဲ့
ဖုန်းတွေ ရှိပါတယ် အဲဒီအခါကျရင် Hacker တွေထွင်ထားတဲ့ custom rom တွေကို သုံးကြပါ
တယ် ဒါပေမဲ့လည်း custom rom မှာက အနည်းနဲ့ အများ error တွေ ရှိတတ်ပါတယ် ကင်မရာ
error, ဘလူးတု error, အဖြစ်များပါတယ် အဲဒီအတွက်ကြောင့်မို့လို့ custom rom တင်မယ်ဆို
ရင် error ကင်းတဲ့ custom rom တွေကိုဘဲ တင်ကြတာ များပါတယ် အများသောအားဖြင့် cu-
stom rom မှာ zip ဖိုင်နဲ့ လာတာ များပါတယ် ဒီကောင်လေး ကလည်း cwm ရှိမှဘဲ သွင်းလို့ရ
မှာဖြစ်ပါတယ်

custom rom သွင်းနည်း
format ချထားတဲ့ memory card ထဲကို ဒေါင်းထားတဲ့ custom rom (zip) ဖိုင်လေး ကိုထည့်
ပြီးတော့ install sd card ကနေ သွင်းပေးရမှာ ဖြစ်ပါတယ်။

system rom တွေ ကိုလည်း un/amount ပြုလုပ်နိုင် ပါတယ်။ factory reset တွေ လည်း ပြု
လုပ်နိုင်ပါတယ်။ Huawei ဖုန်းတစ်ချို့နှင့် အခြား ဖုန်းတွေမှာ cwm တင်ထားတဲ့အတွက် offic-
ial rom(official firmware) ပြန်တင်လို့ မရတာတွေလည်း ရှိတတ်ပါတယ် အဲဒီအခါကျရင် st-
ock recovery ပြန်တင်ပြီးတော့ official firmware ကို ပြန်တင်ပေးရပါတယ်။

CWM Recovery တွေကို ဘယ်ကနေသွင်းလဲ ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်း အမျိုးအစား တစ်ခုချင်းစီ
အလိုက် Online ကနေ recovery image(.img) ဖိုင်ကို ရှာပြီးတော့ Fastboot mode ကနေ
သွင်းမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ROM Manager ကနေ သွင်းရမှာ ဖြစ်ပါတယ်
အဲဒီ နည်းကတော့ ROM Manager ဆိုတဲ့ apk ကို ဖုန်း ထဲမှာ ထည့်ပြီး အဲဒီ ROM Manager
ကနေ CWM သွင်းပေးရမှာ ဖြစ်ပါတယ်။

ကဲဒီလောက်ဆိုရင် နည်းနည်းတော့ နားလည် သဘောပေါက် သွားမယ်လို့ မျှော်လင့်ပါတယ်။

Credit to : http://nayphyokyaw.blogspot.com/


http://abtnet.blogspot.com

♪ CWM ခေါ် Clock Work Mode Recovery Rom နဲ့  Android System Recovery (or) Stock recovry အကြောင်းဗဟုသုတ ♫


http://abtnet.blogspot.com