Thursday, October 15, 2015
သင့်ရဲ့ ANDROID DEVICE နဲ့ IPHONE မပျောက်ဆုံးခင် ကြိုတင် ကာကွယ်ထား ရမယ့် နည်းလမ်း (၉)ခု
သင့်ရဲ့ ANDROID DEVICE နဲ့ IPHONE မပျောက်ဆုံးခင် ကြိုတင် ကာကွယ်ထား ရမယ့် နည်းလမ်း (၉)ခု 
ဒီနေ့ခေတ် စမတ်ဖုန်းတွေဟာ သိုလှောင်သိမ်းဆည်းနိုင်စွမ်း မြင့်မားလာတာနဲ့ အမျှ ဖုန်းထဲမှာ ကိုယ်ရေးကိုယ်တာ ဖိုင်များ၊ ဓါတ်ပုံများ၊ ဗီဒီယိုများ၊ အလုပ်ကိစ္စနဲ့ ပတ်သက် တဲ့ အရေးကြီး ဖိုင်များကို သိမ်းဆည်းလာကြပါတယ်။ သင့်ရဲ့ Android Device နဲ့ iPhone ပျောက်ဆုံးသွားရင် အဲဒီဖိုင်တွေအတွက် စိုးရိမ်စရာပါ။ ဒီလို စိတ်ပူစရာတွေ မဖြစ်ရလေအောင် သင့်ရဲ့ စမတ်ဖုန်း မပျောက်ဆုံးခင်မှာ ကြိုတင်ကာကွယ်ထားရမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
Bonus : သင့်ရဲ့ ဖုန်းကို Lock ပြုလုပ်ထားပါ။
သင့်ရဲ့ စမတ်ဖုန်း ပျောက်ဆုံးသွားရင် အခြားလူများ ဖုန်းထဲသို့ လွယ်ကူစွာ ၀င်လို့မရ အောင် Lock ပြုလုပ်ထားသင့်ပါတယ်။ စမတ်ဖုန်းတွေမှာ Passcode, Password, Face Unlock, Pattern နဲ့ အခုဆိုရင် လက်ဗွေရာလုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားနိုင်ပါပြီ။ iOS အတွက် Settings> Passcode or Touch ID & Passcode မှာ Lock ပြုလုပ်နိုင်ပါတယ်။ Android အတွက်တော့ Settings> Security > Screen Lock မှာ ပြုလုပ်နိုင်ပါတယ်။
၁။ Find my iPhone/iPad နဲ့ Android Device Manager တို့ကို အသုံးပြုပါ။
ဒီစွမ်းဆောင်ချက် နှစ်ခုက ပျောက်သွားတဲ့ သင့်ဖုန်းရဲ့ တည်နေရာကို ခြေရာခံပေးနိုင် ပါတယ်။ အဝေးကနေ Lock ပြုလုပ်နိုင်သလို ဒေတာတွေကို ဖျက်ဆီးနိုင်ပါတယ်။ ဒါပေမယ့် ဒီစွမ်းဆောင်ချက်တွေကို သင့်ဖုန်း မပျောက်ခင်မှာ Enable လုပ်ထားရမှာပါ။
Android : Google Setttings App ထဲသွားပြီး Security အောက်မှ “ Remotely locate …. “ နဲ့ “ Allow remote lock …. “ နှစ်ခုမှာ အမှန်ခြစ်ပေးပါ။
Android Phone ပျောက်သွားရင် Android Device Manager ၀က်ဆိုက်ကိုသွားပြီး ဖုန်းမှ Google Account နဲ့ Log In ၀င်ပါ။ ၀က်ဆိုက်ကနေ ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်ပြီး Lock ပြုလုပ်တာ၊ ဒေတာများကို ဖျက်ဆီးတာတို့ကို ပြုလုပ်နိုင်ပါတယ်။
iOS : Settings> iCloud > Find My iPhone ( or iPad) ထဲသွားပြီး Find My iPhone Setting ကို Enable လုပ်ပါ။
ဖုန်းပျောက်သွားရင် ဒတ်စတော့ ၀က်ဘရောက်စာကနေ iCloud.com ကို သွားပြီး Apple Account နဲ့ Log In ၀င်ပါ။ Find My iPhone ကို နှိပ်ပြီး သင့်ဖုန်းရဲ့ တည် နေရာကို မြေပုံမှာ ရှာဖွေပါ။
၂။ သင့်ဖုန်း Sleep ဖြစ်သွားတာနဲ့ ချက်ချင်း Lock ပြုလုပ်ဖို့ သတ်မှတ်ပါ။
သင့်ဖုန်းဟာ Sleep ဖြစ်သွားပြီးနောက် အချိန်ဘယ်လောက်ကြာရင် အလိုအလျှောက် Lock ပြုလုပ်ရမလဲဆိုတာကို သတ်မှတ်နိုင်ပါတယ်။ သင့်ဖုန်း ပျောက်သွားတာနဲ့ Lock ဖြစ်နေစေဖို့ အချိန်ကို နည်းသထက်နည်းအောင် သတ်မှတ်ထားသင့်ပါတယ်။
Android : Settings> Security > Automatically Lock ထဲသွားပြီး အများဆုံး ၃၀ မိနစ်ကနေ ချက်ချင်း Lock လုပ်ဖို့ သတ်မှတ်သင့်ပါတယ်။
iOS : Settings> Passcode> Require Passcode ထဲသွားပြီး လေးနာရီကနေ ချက်ချင်း Lock လုပ်ဖို့ သတ်မှတ်နိုင်ပါတယ်။ Touch ID ပါရင်တော့ Immediately ကိုပဲ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
၃။ Control Center ကို Lock Screen မှာ ပိတ်ပါ။ ( iOS )
iOS 7 ကနေ စပြီး iOS Device တွေမှာ Control Center ပါရှိလာပါတယ်။ Control Center ကနေ WiFi, Cellular Settings, Media Controls, Alarms, Timers, Camera တို့ကို လျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်။ Control Center ကို Lock Screen ကနေလည်း အသုံးပြုနိုင်တဲ့အတွက် အဆင်ပြေပေမယ့် သင့်ဖုန်း ပျောက်ဆုံးသွားရင်တော့ ဖုန်းရဲ့ Settings နဲ့ အခြားအရာများကို အခြားလူများက အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Control Center ကို Lock Screen မှာ ပိတ်ထားသင့်ပါတယ်။
Settings> Control Center ထဲသွားပြီး “ Access on Lock Screen “ ကို Off လုပ်ပေးပါ။
၎။ အားကောင်းတဲ့ PIN , Password များပေးပါ။
သင့်ဖုန်းကို Lock လုပ်တဲ့ နေရာမှာလည်း ရှည်လျား ၊ ရှုပ်ထွေးပြီး သင် အလွယ်တကူ မှတ်မိနိုင်တာမျိုးကို ပေးသင့်ပါတယ်။ ဥပမာ အားဖြင့် “ My Father’s Name Is U Myint Naing and His Birthday Is 4th January 1950. “ ဆိုတဲ့ ၀ါကျကနေ ထိပ်ဆုံး စကားလုံးတွေကို ထုတ်နုတ်လိုက်ရင် “ mfniumnahbi4j1 “ ဆိုတဲ့ Password ကို ဖန်တီးနိုင်ပါတယ်။ အဲဒီ Password ဟာ ရှည်လျား ၊ ရှုပ်ထွေးပေမယ့် သင် အလွယ်တကူ မှတ်မိနိုင်ပါတယ်။
Screen Lock ပြုလုပ်ရမယ့် နေရာကိုတော့ Bonus အပိုင်းမှာ ပြောပြခဲ့ပြီးပါပြီ။
၅။ သင့်ဖုန်းမှ ဒေတာများကို Encrypt လုပ်ပါ။ ( Android )
Android 5.0 Lollipop ကို Pre-installed လုပ်ထားတဲ့ Android Phone, Tablet များမှာတော့ ဖုန်းမှ ဒေတာများကို Default အားဖြင့် Encrypt လုပ်ထားပေးပါတယ်။ သင့်ရဲ့ Passcode နဲ့ ဖွင့်မှသာ ဒေတာများကို ရယူနိုင်မှာ ဖြစ်ပါတယ်။
Lollipop ကို ကိုယ်တိုင် အဆင့်မြှင့်ထားတဲ့ ဖုန်းများအပါအ၀င် Android Phone , Tablet အဟောင်းများမှာတော့ ကိုယ်တိုင် Encrypt လုပ်ရမှာပါ။ Encrypt လုပ်ရင် အချိန် တစ်နာရီလောက်ကြာမြင့် တတ်ပြီး အဲဒီအချိန်အတွင်းမှာ ဖုန်းကို အသုံးပြုလို့မရပါဘူး။ နောက်ပြီး Encrypt လုပ်နေစဉ်မှာ ဖုန်းကို အားသွင်းထားရမှာ ဖြစ်ပါတယ်။
Settings> Security > Encrypt Phone မှာ ပြုလုပ်နိုင်ပါတယ်။
သတိပြုရန် ။ ။ Encrypt လုပ်နေစဉ်မှာ Abort ပြုလုပ်ရင် သင့်ရဲ့ ဒေတာ အချို့ သို့မဟုတ် အားလုံး ဆုံးရှုံးသွားနိုင်တယ်လို့ Google က သတိပေးထားပါတယ်။ အဲဒီအတွက် စိတ်ရှည်ရှည်ထားပါ။
၆။ Activation Lock ကို ဖွင့်ပါ။ ( iOS )
ဖုန်းသူခိုးများက သင့်ရဲ့ ဖုန်းမှ ဒေတာတွေကို စိတ်မ၀င်စားကြပါဘူး။ သူတို့ အလိုရှိတာက သင့်ဖုန်းမှ ဒေတာများကို ဖျက်ဆီးပြီး ဖုန်းကို ရောင်းစားဖို့ပါ။
iOS 8 မှာ Activation Lock ဆိုတဲ့ စွမ်းဆောင်ချက် အသစ်ပါရှိလာပြီး ဖုန်း ခိုးခံရရင် သင့်ရဲ့ Passcode ကို သိမှသာ ဖုန်းကို Reactivate လုပ်လို့ရမှာ ဖြစ်ပါတယ်။ Activation Lock ဟာ Find My iPhone or iPad ကို Enable လုပ်ထားမှ အလုပ်လုပ်ပါတယ်။
Settings> iCloud> Find My iPhone or iPad မှာ Enable လုပ်ပေးပါ။
၇။ သင့်ရဲ့ အမည်နဲ့ Contact Info ကို Lock Screen မှာ ရေးထားပါ။ ( Android )
သင့်ရဲ့ ဖုန်း၊ တက်ဘလက် ပျောက်သွားရင် Android Device Manager ကနေ Lock ပြုလုပ်လို့ရသလို ဖုန်းထံ Message ပေးပို့နိုင်ပါတယ်။ ဖုန်းကို ကောက်ရသူက ပြန်ပေးချင်ရင် သင့်ကို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဖုန်းဟာ Airplane Mode ထဲမှာ ရှိနေရင် သို့မဟုတ် လိုင်းမမိတဲ့ နေရာမှာ ရောက်နေရင် အပေါ်က နည်းလမ်းက အဆင်မပြေပါဘူး။
အဲဒီအတွက် သင့်ရဲ့ Android Device မပျောက်ခင်မှာ Lock Screen မှာ သင့်ရဲ့ အမည်၊ အီးမေး၊ နေရပ်လိပ်စာ၊ အခြားဆက်သွယ်ရမယ့် ဖုန်းနံပါတ် စတဲ့ Contact Info ကို ရေးသားထားသင့်ပါတယ်။
Settings> Security> Owner Info မှာ ရေးသားနိုင်ပါတယ်။ Lollipop မတိုင်ခင် ဖုန်းတွေမှာတော့ Show owner info on lock screen မှာလည်း အမှန်ခြစ်ပေးရမှာ ဖြစ်ပါတယ်။
၈။ Send Last Location ကို အသုံးပြုပါ။ ( iOS )
သင့်ရဲ့ iOS Device ဟာ ဘက်ထရီ ကုန်သွားရင် Find My iPhone ကို အသုံးပြုပြီး ရှာဖွေလို့ မရတော့ပါဘူး။ အဲဒီအတွက် ဘက်ထရီ မကုန်ခင်မှာ သင့် iDevice ရဲ့ နောက်ဆုံးတည်နေရာကို Apple ရဲ့ ဆာဗာများထံ ပေးပို့ထားရင် သင့်ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။
Settings> iCloud> Find My iPhone or iPad မှာ Send Last Location ကို On ပေးပါ။
၉။ Lock Screen မှာ Notification များကို ဖွက်ထားပါ။
Lock Screen မှာ Notification များကို ပြသပေးထားခြင်းဟာ အီးမေး၊ Text Messages ၊ Calendar Events နဲ့ အခြား သတင်းအချက်အလက်များကို Unlock လုပ်စရာမလိုဘဲ သိနိုင်တဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမယ့် အခြားလူများက Lock Screen မှ သတင်းအချက်အလက်များကို သိသွားနိုင်ပါတယ်။ ဒီလို မဖြစ်စေချင်ရင်တော့ Lock Screen မှာ Notification များ ပြသထားခြင်းကို ပိတ်ထားနိုင်ပါတယ်။
Android : Settings> Sounds and Notifications ထဲသွားပြီး When device is locked ကို နှိပ်ပါ။ အဲဒီကနေ Option သုံးခုကို ရွေးချယ်နိုင်ပါတယ်။ Show all notification content ကတော့ Notification အားလုံးကို အပြည့်အစုံပြသမှာပါ။ Hide sensitive notification content ကတော့ ဥပမာအားဖြင့် အီးမေးဝင်လာရင် အသိပေးမှာ ဖြစ်ပေမယ့် Subject Line ကို ဖွက်ထားပေးမှာ ဖြစ်ပါတယ်။ Don’t show notification ကတော့ Notification အားလုံးကို Lock Screen မှာ ပိတ်ပေးထားမှာပါ။
iOS : iOS မှာတော့ Lock Screen မှာ Notification တွေကို ပိတ်တာဟာ Android လောက် မလွယ်ကူပါဘူး။ Notification ပြသတဲ့ Apps တိုင်းကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ Settings> Notifications ထဲသွားပြီး App တစ်ခုချင်းစီထဲကို ၀င်ကြည့်ရမှာပါ။ App မှာ Show on Lock Screen ပါရင် Off လုပ်ရမှာ ဖြစ်ပါတယ်။
Credit : Thu Ya
မိမိဖုန်းကို ပျက်စီးစေတဲ့ အလေ့အကျင့်ဆိုးများ
မိမိဖုန်းကို ပျက်စီးစေတဲ့ အလေ့အကျင့်ဆိုးများ
ဖုန်းကို ပျက်စီးစေတဲ့အချက်များထဲမှာ app များ ဒေါင်းလုဒ် ရယူခြင်းလည်း ပါဝင်တယ်။ အချို့ app တွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆော့ဝဲလ်တွေ ပါနိုင်ပါတယ်။ စိစိစစ်စစ်ရှိကို ရှိရပါမယ်။ မိမိဖုန်းကို ပျက်စီးစေတဲ့ အဓိကအရာတွေကတော့
နေရောင်ခြည်နဲ့ထိတွေ့ခြင်း
ဖုန်းကို နေပူထဲ ဘယ်တော့မှ မထားခဲ့ပါနဲ့။
ဘောင်းဘီနောက်ကျောအိပ်ကပ်ထဲ ထည့်သိမ်းထားခြင်း
နောက်ကပ်ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတာဟာ ထိုင်ရင် ဖုန်းကို ကွေးသွားစေနိုင်ပါတယ်။
ဈေးပေါပေါဖြင့်ရသော အားသွင်းကြိုးများ
အဲဒီလိုအားသွင်းကြိုးအများစုက ပါဝါကို လိုသလောက် မဖြည့်ပေးနိုင်ပါဘူး။ တချို့ဆိုရင် ဘေးကင်းလုံခြုံမှုအပိုင်းကို လုံးဝထည့်သွင်းမထားတာပါ။
ဖုန်းကို တစ်ချိန်လုံးဖွင့်ထားခြင်း
ဖုန်းကို အနားမပေးဘဲ အဆက်မပြတ် အသုံးပြုခြင်းက ဘက်ထရီကို ပျက်စီးစေပါတယ်။
တခြားပစ္စည်းများနဲ့အတူ ရောပြီး ထည့်သိမ်းထားခြင်း
သော့တွဲများ၊ အကြွေစေ့တွေ စတာတွေနဲ့ အိတ်ကပ်ထဲ ထည့်သိမ်းထားပါက ဖုန်းမှာ ခြစ်ရာတွေ ဖြစ်စေနိုင်ပါတယ်။ 
Credit,TrendMyanmar
Big Bag (New Alblum)
Big Bag (New Alblum)  လိုင်းမကောင်းတဲ့ကြားက အဝေးရောက်နေပြီး နားမထောင်ရသေးတဲ့ သူတွေအတွက် တင်ပေးလိုက်တယ်
.................................
Download Alblum
iOS 9.0.2 ကို Jailbreak ပြုလုပ်နည်း
အပြည်စုံကိုhttp://internetjournal.media/how-to/4481 ဝင်ရောက်ဖတ်နိုင်ပါတယ်
---------------------------
==
########
iOS 9.0.2 အား Jailbreak ပြုလုပ်ခြင်း
==
iOS 9.0.2 ကို Jailbreak ပြုလုပ်နိုင်မယ့် Jailbreak tool ကို Pangu မှ ၂၀၁၅ အောက်တိုဘာ ၁၄ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ iPhone 4S မှ 6S , iPad mini 4,3,2,1 နှင့် iPad Air 2,1 တို့အပြင် iPod Touch 5,6 တို့မှာ အသုံးပြုနိုင်ဖို့ စီစဉ်ပေးထားတဲ့ Jailbreak tool တစ်ခုဖြစ်ပါတယ်။
အဆိုပါ jailbreak tool ကို အသုံးပြုမယ်ဆိုရင် iDevice တွေမှာ Find My iPhone နဲ့ iCloud တို့ကို disable ပြုလုပ်ထားရပါမယ်။ Disable ပြုလုပ်ဖို့အတွက် Settings > iCloud > Find My iPhone နေရာမှာ toggle ကို Off ပြုလုပ်ထားရပါမယ်။
နောက်တစ်ဆင့်ကတော့ Touch ID နဲ့ Passcode ကို Disable ပြုလုပ်ထားရမှာ ဖြစ်တဲ့အတွက် Settings > Touch ID & Passcode ကို သွားပါ။ ပြီးသွားရင် Turn passcode off ဆိုတာကို နှိပ်ရမှာ ဖြစ်ပါတယ်။
ပြီးရင် Ari Plane Mode ကို ပြောင်းပေးထားရပါမယ်။ အဆိုပါ အဆင့်တွေအားလုံး ပြီးဆုံးသွားပြီဆိုရင် http://goo.gl/hf15fO ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားပြီး Jailbreak tool ကို download လုပ်ယူလိုက်ပါ။ အခုထွက်ရှိတဲ့ Jailbreak ဟာ Windows Opeartings System အတွက်သာ ထုတ်လုပ်ဖြန့်ချိပေး ထားခြင်းဖြစ်ပါတယ်။
Jailbreak tool ကို download ပြုလုပ်ပြီးရင် ကွန်ပျူတာပေါ်မှာ Run လိုက်ပါ။ အဲ့ဒီနောက် Jailbreak ပြုလုပ်မယ့် device ကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။ ချိတ်ဆက်ပြီးသွားရင် Already Backup ဆိုတာကို အမှန်ခြစ်ထည့်ပြီး Start buttonကို ကလစ်နှိပ်ပါ။
Start button ကို နှိပ်ပြီးရင် Reboot ပြုလုပ်သွားမှာဖြစ်ပြီး Airplane Mode ကို ပြန်လည်ဖွင့်ပေးရပါမယ်။ ဒါဆိုရင် Jailbreak လုပ်ငန်းစဉ်ကို ရှေ့ဆက်လုပ်ဆောင် သွားပါလိမ့်မယ်။ Jailbreak လုပ်ဆောင် နေစဉ်အချိန်မှာ iPhone ရဲ့ Home Screen မှာ Pangu app ကို ဖွင့်ဖို့အတွက် တောင်းဆိုပါလိမ့်မယ်။ ဖွင့်ပေးလိုက်ပါ။ Pangu app ကို Run နေတဲ့အချိန်မှာ Photo Library ကို အသုံးပြုခွင့်အတွက် တောင်းခံပါလိမ့်မယ်။ accept ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ accept ကို နှိပ်လိုက်ရင် Pangu ဟာ ရှေ့ဆက် အလုပ်လုပ်ဆောင်သွားမှာဖြစ်ပြီး pop-up box တက်လာတဲ့အခါမှာ ok button ကို နှိပ်ပေးလိုက်ပါ။
အထက်ပါ အဆင့်တွေ ပြီးသွားရင် jailbreak ပြုလုပ်ထားတဲ့ device ဟာ နောက်တစ်ခါ reboot ထပ်ဖြစ်သွားမှာ ဖြစ်ပါတယ်။ boot ပြန်တက်လာတဲ့အခါမှာ Airplane Mode ကို disable တစ်ခါ ပြန်လည်ပြုလုပ်ပြီး Cydia app ကို run လိုက်ရင် Jailbreak ပြုလုပ်တဲ့အဆင့် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
Sunday, July 19, 2015
Un Jailbrake လုပ်နည်း
ယခင်က iOS version update အသစ်ထွက်လို့ ယင်း update ကိုမြှင့်ချင်တယ်ဆိုရင် Jailbreak လုပ်ထားသော iOS Device တွေအနေနဲ့ device မှတိုက်ရိုက်မြှင့်နိုင်တဲ့ OTA update လုပ်လို့မရတော့ပါဘူး။ ယင်းအတွက် ကွန်ပျူတာကနေတစ်ဆင့်ပဲ iOS Firmware update အသစ်ကို Update လုပ်ရပါတယ်။ ယခုတော့ iOS Jailbreak Device များအတွက် Cydia ကိုဖန်တီးခဲ့သူ Saurik က Jailbreak လုပ်ထားသော iOS Device များကို Un-Jailbreak ပြန်လုပ်နိုင်သော Cydia Impactor အမည်ရ Cydia Tweak ကိုထုတ်ပေးလိုက်ပြီဖြစ်သည်။ ဒီ Tweak ကိုသုံးခြင်းအားဖြင့် iDevice ကို Jailbreak မလုပ်ရသေးခင်အနေအထားသို့ပြန်လည်ရောက်ရှိစေပြီး OTA update ကိုလည်း device မှပင်လွယ်ကူစွာ update ပြန်လည်ပြုလုပ်နိုင်မည်ဖြစ်သည်။
ယင်း Cydia Tweak သည် (လတ်တလောတွင် iPod touch 6 မှလွဲပြီး) iOS 8.3 နှင့် iOS 8.4 တင်ထားသော iOS Device မှန်သမျှကို Un-Jailbreak အနေအထားသို့ပြန်လည်ပြုလုပ်ပေးနိုင်သည်။ သို့သော် Device အတွင်းရှိ Data များကတော့ အကုန်ပျက်ပြီးဘာမှမသွင်းရသေးခင်အနေအထား ၊ အသစ်အတိုင်းပြန်ဖြစ်သွားမှာပါ။ ဒါကြောင့် Cydia Impactor ကိုသုံးပြီး Un-Jailbreak ပြန်မလုပ်ခင် မိမိရဲ့ iDevice ထဲက Data များကို ကွန်ပျူတာက iTunes နဲ့ချိတ်ဆက်ပြီး Backup အရင်ရယူထားပါ။
လုပ်နည်းကတော့
မိမိရဲ့ iDevice မှာ အင်တာနက်အရင်ဖွင့်ထားပါ။
Cydia ထဲကိုဝင်ပြီး refresh အရင်လုပ်ပါ။
ပြီးလျှင် Cydia App ထဲက Search box ကနေ Cydia Impactor လို့ရိုက်ထည့်ပြီးရှာပါ။
တွေ့ပြီဆိုရင် Cydia Impactor ကို Install လုပ်ပါ။ (မတွေ့သေးရင်တော့ Cydia ကိုပဲ Refresh ပြန်လုပ်ပါ)
Install လုပ်ပြီးပြီဆိုရင်တော့ Home Screen ပေါ်မှာ Cydia Impactor ဆိုတဲ့ App လေးကိုတွေ့ရပါမယ်။
iOS ရဲ့ Setting> iCloud  ထဲကိုဝင်ပြီး Find my iPhone ကို off ထားပါ။
ဖုန်းကိုအားသွင်းရင်းနဲ့လုပ်ပါ။ (ဘက်ထရီအားနည်းနေချိန်မလုပ်ပါနဲ့)
ခုနကသွင်းထားတဲ့ Cydia Impactor ကိုဖွင့်ပါ။ Delete all data and unjailbreak device  ကိုနှိပ်ပါ။
Unjailbreak Process ပြီးသွားပြီဆိုရင် iOS setup screen အနေအထားကိုပြန်လည်ရောက်ရှိသွားပါပြီ။
Step By Step Setup လုပ်ပြီးပြီဆိုရင်တော့ Jailbreak လုပ်မထားတဲ့ Device အနေအထားနဲ့ မိမိရဲ့ iPhone/Pad/Pod touch ကိုပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
သက်နိုင်စိုး (Myanmar Mobile App)
Wednesday, July 8, 2015
iphone Jailbreak လုပ်ပြီး အသုံးဝင်စေမယ့် Tweak များ
iOS 8.1.3 မှ iOS 8.4 အထိ TaiG Jailbreak Team မှ နောက်ဆုံးထွက်ရှိထားတဲ့ TaiG Jailbreak Tool ကိုအသုံးပြုပြီး Jailbreak ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။ Jailbreak လုပ်တာကတော့ ဟုတ်ပါပြီ။ Jailbreak လုပ်ပြီးစအချိန်မှာရော ကိုယ့်ရဲ့ iDevice ကိုဘယ်လို Jailbreak Tweak တွေအသုံးပြုပြီး အလန်းဆုံးဖြစ်သွားအောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုလည်း သိထားသင့်ပါတယ်။ ယခုဆောင်းပါးမှာတော့ Jailbreak လုပ်ပြီးကာစသင့်ရဲ့ iPhone ကိုအလန်းဆုံး ၊ အလှပဆုံးဖြစ်သွားအောင် ပြင်ဆင်ပုံ ၊ ပြင်ဆင်နည်းကိုပြောပြပေးသွားမှာပါ။
Themes အနေနဲ့ကတော့ အောက်မှာပေးထားတဲ့ Tweak တွေကို ဖုန်းမှာသွင်းပါ။ သွင်းပြီးရင်တော့ စိတ်ကြိုက် ဒီဇိုင်းဆင်လိုက်ပါ။
  • Muze Settings
  • Glyphs CC Round
  • Saber (Lancer Bottom)
  • Indigo Icons
LockScreen အတွက် အောက်မှာပေးထားတဲ့ Tweak တွေကို ဖုန်းမှာသွင်းပါ။ Setting တွေကတော့ အမျိုးမျိုးချိန်ညှိနိုင်တာကြောင့် ကိုယ့်စိတ်ကြိုက်ဖြစ်မယ့်ပုံစံအတိုင်းပဲ Setting ချစေချင်ပါတယ်။ အောက်ပုံထဲကတော့ ပေးထားတဲ့ Tweak တွေကိုသုံးပြီး Lock Screen ကိုနမူနာဒီဇိုင်းချပြထားတာပါ။
  • Groovylock
  • Lock Glyph
  • Kingdom Hearts Lock Glyph
  • IfFound2 BETA
  • LS Barebones – Tiny Mod
  • Binary Keypad
  • HotDog
HomeScreen အတွက်ကလည်း အောက်မှာပေးထားတဲ့ Tweak တွေကို ဖုန်းမှာသွင်းပါ။ Setting တွေကတော့ အမျိုးမျိုးချိန်ညှိနိုင်တာကြောင့် ကိုယ့်စိတ်ကြိုက်ဖြစ်မယ့်ပုံစံအတိုင်းပဲ Setting ချစေချင်ပါတယ်။ အောက်ပုံထဲကတော့ ပေးထားတဲ့ Tweak တွေကိုသုံးပြီး Home Screen ကိုပြင်ဆင်နေတာပါ။
  • Cylinder
  • f.lux
  • Flurry
  • FolderEnhancer
  • BytaFont 2 (Galette Font)
  • DockShift
  • Cornered
  • Springtomize 3
  • Slide2Kill8
  • VirtualHome8
  • Hideme8
  • iBlanks
  • RoundDock
  • BetterFiveIconDock
  • BetterFiveColumnHomeScreen
  • ColorBadges
  • Avix
  • ReachApp
  • Apex 2
  • Power Tap
  • BioLockDown
Notification Center အတွက်ကတော့ အောက်မှာပေးထားတဲ့ Tweak တွေကိုသုံးပြီး Widget အသစ်တွေထပ်ထည့်လို့ရပါတယ်။
  • Flurry
  • TinyBar
  • NCMeter
  • SnapStats(App)
  • DailyQuotes(App)
  • BatteryDoctor(App)
StatusBar အတွက်ကတော့ အောက်မှာပေးထားတဲ့ Tweak တွေကိုသုံးပြီး StatusBar ကိုအလန်းလုပ်နိုင်ပါတယ်။ 
  • StatusbarWeather8
  • StatusVol 2
  • Zeppelin
  • Akaline
  • Apple Logo Akaline Battery
Control Center အတွက်ကတော့ အောက်မှာပေးထားတဲ့ Tweak တွေကိုဖုန်းမှာသွင်းပါ။ Setting တွေကတော့ အမျိုးမျိုးချိန်ညှိနိုင်တာကြောင့် ကိုယ့်စိတ်ကြိုက်ဖြစ်မယ့်ပုံစံအတိုင်းပဲ Setting ချစေချင်ပါတယ်။ အောက်ပုံထဲကတော့ ပေးထားတဲ့ Tweak တွေကိုသုံးပြီး Control Center ကိုနမူနာဒီဇိုင်းချပြထားတာပါ။
  • Uniformity2
  • SimpleCenters
  • CCSettings
  • Corners
  • Cistem Aperio
  • CClean
  • Flurry
Messages/Keyboard အတွက်ကတော့ အောက်ပါ Tweak တွေကိုသုံးပါ။ 
  • ShowCase
  • Saber
  • SleekKey
  • SmoothCursor
  • SmoothPop
  • MessageCustomiser
  • KeyboardVibrate8
အထက်ပါ ပြင်ဆင်မှုများအတွက် ဖုန်းမှာအသုံးပြုမယ့် နောက်ခံ Wallpaper ကတော့ အောက်ပါပုံပဲဖြစ်ပါတယ်။
အထက်ပါ Tweak အားလုံးကို http://repo.hackyouriphone.org နဲ့ http://apt.178.com တို့မှာ free ရယူနိုင်ပါတယ်။
Tuesday, February 24, 2015
iPhone သုံးစွဲသူအများစု သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ
iPhone သုံးစွဲသူအများစု သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ
(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း
စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။
(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း
Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။
(၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း
“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။
(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း
“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။
(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း
Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။
(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း
ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။
(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း
ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။
(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း
တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။
(၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း
ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။
(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း
Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။
(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း
အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။
(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း
Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်စေနိုင်သည်။
(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း
စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။
(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း
Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။
(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း
ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ်သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။
(၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း
Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။
(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း
Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထားသည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။
(၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း
Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact များအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ်ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။
(၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း
Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ်သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။
(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း
Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။
(၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း
ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး အသုံးပြုနိုင်သည်။