Sunday, October 12, 2014

GalaxSim Unlock v2.6.1 APK (Update Version)

ဒီကောင်လေးကတော့ Samsung Phone ကို ကိုင်းဆောင်းထားသော ဘော်ဒါတွေအတွက် အရမ်းအသုံး
ဝင်းတဲ့ apkလေးတစ်ခုဖြစ်ပါတယ်။ ဒီ apk ကဘာတွေကိုလုပ်ဆောင်းထားသလဲဆိုတော့Samsung Home
တွေကို ဖြည့်ပေးတဲ့ Android Application တစ်ခုဖြစ်ပါတယ်။ ဆိုပါစို့ ဘော်ဒါတစ်ယောက် နိုင်ငံခြားက
နေပြီးတော့ သင့်ရဲ့ ဆွေမျိုးက Samsung PhoneS3 ကိုလက်ဆောင်ထည့်ပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီဖုန်းက ဒီနိုင်ငံမှာ သုံးလို့မရဘူးဖြစ်နေတယ်။ပြောမယ်ဆိုရင်တော့ Sim lock ဖြစ်နေတာပေါ့ ဆိုင်တွေမှာ သွားပြင်ရင်လည်း အနည်းဆုံးကတော့ ၃သောင်းလောက်ပေးရပါတယ်။ ဒီဆော့ဝဲလေးကတော့တစ်ပြားမှ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ မိမိဖုန်းထဲမှာ Root ရှိထားဖို့လို့ပါတယ်။Sim lockကို Support ပေးတဲ့ Model တွေကတော့ S4,S3,S2,S,Note2,Note3, စတာတွေကို
Support ပေးပါတယ်။ အသုံးဝင်တဲ့ ဆော့ဝဲလေးမို့လို့ တင်ပေးလိုက်ပါတယ်။   Screen Shot တွေရိုက်ပြထားပါတယ်။

download

 http://adf.ly/sdefH 


http://abtnet.blogspot.com

4.4 , 4.3 , 4.2.2 , 4.1.X Gapp Installer လေးပါ...

 4.4 , 4.3 , 4.2.2 , 4.1.X ထိ Google Playstore သွင်းနိုင်တဲ့ Installer ဖြစ်ပါတယ်

download


http://abtnet.blogspot.com

Samsung Tab root

http://feedproxy.google.com/~r/blogspot/YoKiT/~3/RqoyXaoKipo/samsung-galaxy-tab-s-one-click-cf-auto.html
http://abtnet.blogspot.com

C8816 B182 Step2 Fail & IMEI Null Error Fixer

Step2 Fail Dload ကိုဒေါင်းရမယ့်လင့်ကိုအောက်မှာရေးထားပါတယ်။ အကယ်၍ မိမိဖုန်းက CWM သွင်းထားခဲ့မယ်ဆိုရင် StockRecovery ပြန်သွင်းဖို အောက်မှာ CWM ကနေ Flash ရမဲ့ Zip ဖိုင်တစ်ဖိုင်ကိုလည်းပြုလုပ် ထားပေးပါတယ်။ C8816 ကို B182 firmware တင်ပြီးလို့  MEID Null ဖြစ်ပြီး
SIM မသိရင်တော့ အောက်မှာဒေါင်းဖို့ ပေးထားတဲ့ bat file လေးကို Runပေးလိုက်ပါ။ မိမိ ဖုန်းကတော့ Root လုပ်ထားဖို့လိုပြီး SD ကဒ်ထည့်ထားဖို့ လိုပါလိမ့်မယ်..

အဆင်ပြေပါစေ..
toolbar
 http://d-h.st/bSU 

step fail dload

http://d-h.st/24j 

NEID.NULL

 http://d-h.st/75N 


http://abtnet.blogspot.com

♪ Huawei Sony Samsung တွေကို မြန်မာစာ မှန်ကန်အောင် ထည့်ပေးနိုင်တဲ့ 3in1 Font Tool ♫

      

MPPG က ကိုဖြိုးညီညီရေးတဲ့ Huawei Sony Samsung ၃မျိုးကို မှန်ကန်စွာ မြန်မာစာထည့်ပေးမယ့် 3in1 Font Tool လေးဖြစ်ပါတယ်။ 4.4.2 ထိ Support ရနိုင်ပြီး ဘယ်ဖုန်းကဘယ်ဟာနဲ့ချိန်းရ တယ်ဆိုတာမျိုး မဖြစ်ရအောင် Tool တစ်ခုတည်းကနေ သူဖာသာသူထည့်ပေးသွားမယ်လို့ ဆိုပါတယ်.. PC နဲ့သုံးရ မှာဖြစ်ပါတယ်..

Credit : Phyo Nyi Nyi

 http://adf.ly/shy0T 


http://abtnet.blogspot.com

Wednesday, October 1, 2014

♪ CWM ခေါ် Clock Work Mode Recovery Rom နဲ့  Android System Recovery (or) Stock recovry အကြောင်းဗဟုသုတ ♫


Recovery Rom အကြောင်း ဗဟုသုတ

တစ်ချို့ က ဖုန်းတွေကို root လုပ်ချင်တယ် မြန်မာစာ ထည့်ချင်ကြတယ်။ လုပ်နည်းလေး တွေကို
ပုံသေနည်းနဲ့ တောင်းကြတယ်။ အဲဒီ အတွက်က လုပ်ဖို့တစ်ခုပဲရှိတယ် မိမိ ကိုယ်တိုင်နားလည်
သဘောပေါက်အောင် လေ့လာဖို့ပါပဲ။

ယခု ရေးတဲ့ စာကို သေသေချာချာဖတ်ပြီး သွားရင်တော့ မိတ်ဆွေတို့ အနေနဲ့ ဗဟုသုတ တစ်ခု
တော့ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကို သေသေချာချာ ဖတ်ပြီးရင်တော့ သာမန် နားမလည်
တဲ့ သူတွေတောင် ဘာလုပ်ရမယ် ဆိုတာ နားလည်သွားအောင် ရှင်းပြ ပေးထားပါတယ်။

ဖုန်းကိုင်ထားတဲ့ မိတ်ဆွေတိုင်း ဖတ်ထားသင့် ပါတယ်လို့ ယူဆလို့ ပြန်လည် မျှဝေပေး လိုက်ပါ
တယ်ခင်ဗျာ။

Recovery မှာ (၂) မျိုးရှိပါတယ်

Android System Recovery (or) Stock recovryClock work mod recovery (or) Custom recovery ဟူ၍ နှစ်မျိုး ရှိပါတယ်...။

1. Android System Recovery (or) Stock recovry
Stock recovery ဆိုတာ ဖုန်း စဝယ်တည်းက သက်ဆိုင်ရာ Key နှိပ်လိုက်တာနဲ့ အပေါ်ဆုံးတန်း
လေးမှာ Android System Recovery လို့ ပါနေပါလိမ့်မည်။

အဲဒါကို Stock recovery လို့ ခေါ်ပါသည် သူ့မှာအောက်ပါ အတိုင်း ပါဝင်ပါတယ်။
reboot system nowapply update from external storagewipe data/factory resetwipe cache partitionapply update from cacheအဲဒါတွေ အများစု ပါဝင်တယ် တစ်ချို့တလေ ကတော့ နည်းနည်း ကွဲလွဲပါတယ်။

Stock recovery
Stock recovery မှာတော့ Factory reset လုပ်တာလောက်နဲ့ updat.zip တွေလောက်ဘဲ အ
သုံးဝင်ပါတယ် Factory reset လုပ်တာကတော့ ကိုယ့်ရဲ့ဖုန်းကို ဖုန်းဝယ်စဉ်ကအတိုင်းပြန်ဖြစ်
အောင်လုပ်တာပေါ့ အထဲက မိမိ ထားတဲ့ အရာမှန်သမျှတွေကို ရှင်းထုတ်ပေးတာ ဖြစ်ပါတယ်။

update.zip
မိမိ လိုချင်တဲ့ ဖိုင်လေးတွေ ဆောက်ပြီးတော့ သူရဲ့ system ထဲကို တစ်ခါတည်း ထည့်သွင်းတဲ့
သဘောပါ။

wipe cache
wipe cache လုပ်တယ် ဆိုတာကတော့ စက်ရဲ့ (background) က run နေတဲ့ ကောင်တွေကို
ရှင်းပေးတဲ့ သဘောပါ / ( ဥပမာ ) စက်နည်းနည်းလေး နေရင် wipe cache လေး လုပ်ပေး
လိုက်တာနဲ့ စက်နည်းနည်း ပေါ့သွားစေပါတယ်။ (wipe cache လုပ် လိုက်ရင် အထဲက data
တွေ ဘာမှမပျက် ပါဘူး)

2. Clock work mod recovery(or)Custom recovery(CWM)
Stock recovery နဲ့ နည်းနည်း ကွဲလွဲသွားပါတယ်။ Hacker တွေ တီထွင်ထားတာကို သုံးထား
တဲ့ သဘောပါ။ အရင်ကတည်းက Android က open source ဖြစ်တဲ့ အတွက် ကိုယ်လုပ်ချင်
တာ လုပ်လို့ရတယ် ဆိုတဲ့ သဘောပေါ့ ဒီကောင်လေးကတော့ Stock recovery ထက် အများ
ကြီးလုပ်ဆောင်နိုင်ပါတယ် သူ့ထဲမှာ ဘာတွေ ပါလဲဆိုရင် Stock Recovery ရဲ့လုပ်ဆောင်ချက်
တွေအပြင် တစ်ခြားထူးခြား ကောင်းမွန်လှတဲ့ လုပ်ဆောင်ချက်တွေလည်း ပါ ပါတယ်။

Clock work mod recovery မှာ
reboot system nowapply sdcard:update.zipwipe data/factory resetwip cache partationinstall zip from sdcardbackup and restoremounts and storageadvancedဆိုတဲ့ အချက်တွေ အပြင် တစ်ခြားအချက်လက် တွေလည်း ပါပါတယ် Clock work mod re-
covery ကို cwm လို့ အများက အတိုကောက်ခေါ်ဝေါ် သုံးစွဲ ကြပါတယ် cwm ရဲ့ လုပ်ဆောင်
ချက်တွေ ကတော့ ROM တစ်ခုလုံးကို Backup မှတ်လို့ ရတယ် restore ပြန်လုပ်လို့ ရတယ်
system file တွေကို ဆွဲထုတ်ပြီးတော့ sd card ထဲမှာ သိမ်းထားလို့ ရပါတယ်။

အကယ်၍ system ကို မိမိ ကလိလိုက်လို့ တစ်ခုခု ဖြစ်ရင် ပြန်ပြီးတော့ restore ပြန်လုပ်ရင်ရ
ပါတယ်။ cwm ကနေ root, မြန်မာစာတွေ ကို ထည့်သွင်းနိုင်ပါတယ်။

ဥပမာ huawei ဖုန်းတစ်လုံးကို cwm ထည့်တယ် ပြီးတော့ cwm ကနေပြီးတော့ root.zip ဆို
တဲ့ ဖိုင်လေးကို သွားပြီးတော့ flash ပေးတယ်လေ အဲဒါက cwm ထည့် ထားလို့ hacker တွေ
ထွင်ထားတဲ့ root.zip ဆိုတဲ့ ဖိုင်လေးကို သွင်းလို့ ရတာပါ။

အခုနောက်ပိုင်း root.zip ဆိုတဲ့ ဖိုင်လေး ကိုလည်း ကိုယ် ကိုယ်တိုင် ထွင်တတ် နေကြ ပါပြီ
Modify update package(custom rom) တွေကိုလည်း သွင်းနိုင်ပါသေးတယ်။

custom rom
Custom rom ဆိုတာကတော့ လက်ရှိသုံးနေတဲ့ official rom(official firmware) ကို Modify
လုပ်ပြီးတော့ ပြန်ပြင်ထားတာပါ တစ်ချို့ဖုန်းတွေမှာ ဆိုရင် official firmware တင်လို့ မရတဲ့
ဖုန်းတွေ ရှိပါတယ် အဲဒီအခါကျရင် Hacker တွေထွင်ထားတဲ့ custom rom တွေကို သုံးကြပါ
တယ် ဒါပေမဲ့လည်း custom rom မှာက အနည်းနဲ့ အများ error တွေ ရှိတတ်ပါတယ် ကင်မရာ
error, ဘလူးတု error, အဖြစ်များပါတယ် အဲဒီအတွက်ကြောင့်မို့လို့ custom rom တင်မယ်ဆို
ရင် error ကင်းတဲ့ custom rom တွေကိုဘဲ တင်ကြတာ များပါတယ် အများသောအားဖြင့် cu-
stom rom မှာ zip ဖိုင်နဲ့ လာတာ များပါတယ် ဒီကောင်လေး ကလည်း cwm ရှိမှဘဲ သွင်းလို့ရ
မှာဖြစ်ပါတယ်

custom rom သွင်းနည်း
format ချထားတဲ့ memory card ထဲကို ဒေါင်းထားတဲ့ custom rom (zip) ဖိုင်လေး ကိုထည့်
ပြီးတော့ install sd card ကနေ သွင်းပေးရမှာ ဖြစ်ပါတယ်။

system rom တွေ ကိုလည်း un/amount ပြုလုပ်နိုင် ပါတယ်။ factory reset တွေ လည်း ပြု
လုပ်နိုင်ပါတယ်။ Huawei ဖုန်းတစ်ချို့နှင့် အခြား ဖုန်းတွေမှာ cwm တင်ထားတဲ့အတွက် offic-
ial rom(official firmware) ပြန်တင်လို့ မရတာတွေလည်း ရှိတတ်ပါတယ် အဲဒီအခါကျရင် st-
ock recovery ပြန်တင်ပြီးတော့ official firmware ကို ပြန်တင်ပေးရပါတယ်။

CWM Recovery တွေကို ဘယ်ကနေသွင်းလဲ ဆိုရင်တော့ ကိုယ့်ရဲ့ဖုန်း အမျိုးအစား တစ်ခုချင်းစီ
အလိုက် Online ကနေ recovery image(.img) ဖိုင်ကို ရှာပြီးတော့ Fastboot mode ကနေ
သွင်းမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ROM Manager ကနေ သွင်းရမှာ ဖြစ်ပါတယ်
အဲဒီ နည်းကတော့ ROM Manager ဆိုတဲ့ apk ကို ဖုန်း ထဲမှာ ထည့်ပြီး အဲဒီ ROM Manager
ကနေ CWM သွင်းပေးရမှာ ဖြစ်ပါတယ်။

ကဲဒီလောက်ဆိုရင် နည်းနည်းတော့ နားလည် သဘောပေါက် သွားမယ်လို့ မျှော်လင့်ပါတယ်။

Credit to : http://nayphyokyaw.blogspot.com/


http://abtnet.blogspot.com

♪ CWM ခေါ် Clock Work Mode Recovery Rom နဲ့  Android System Recovery (or) Stock recovry အကြောင်းဗဟုသုတ ♫


http://abtnet.blogspot.com

HTC One E8 ကို Root လုပ်ခြင်း


Root မလုပ်ခင် ဘာလိုလဲဆိုတော့

bootloader unlock လုပ်ဖို့လိုပါတယ်  HTCDev website.မှာ သွားလုပ်လိုက်ပါ။Driver တင်ထားပါ။ ‘ADB‘ လေးလည်းရှိထားရပါမယ် ‘SuperSU‘ ကိုဒေါင်းလုပ်ဆွဲထားပါ။ ‘ Recovery‘ ကိုဒေါင်းလုပ်ယူပါ။

HOW TO FLASH A CUSTOM RECOVERY ON THE HTC ONE E8

ပထမဆုံး recovery ကို Flash မှာဖြစ်ပါတယ်
 USB debugging ကို ဖွင့်ပါ။ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ပါ။. ‘ADB’ဖိုဒါထဲသွားပါ။လွတ်တဲ့နေရာမှာ. (Shift + Right clickနှိပ်ကာ Open command window here.နဲ့ဝင်လိုက်ပါ။)CMDပေါ်လာရင်adb reboot-bootloader လို့ရိုက်ထည့်ပါ။ bootloader mode ကိုရောက်သွားပါမယ် fastboot flash recovery filename.img   လို့ရိုက်ထည်ပါ။ filename နေရာမှာ မိမိ recoveryရဲ့နာမည်ကိုရေးရမှာပါ။ဒါဆို recovery ကို flash လုပ်သွားပါလိမ့်မယ်ပြီးရင်fastboot erase cacheလုပ်လိုက်ပါ  ..နောက်ဆုံး fastboot reboot နဲ့ reboot ချလိုက်ပါ။ဒါဆို root လုပ်ဖို့ရပါပြီ

HOW TO ROOT THE HTC ONE E8

ဖုန်းကိုကွန်ပျူတာနဲ့ပြန်ချိတ်လိုက်ပါ။ SuperSU ကို device memory ထဲသို့ ကော်ပီထည့်လိုက်ပါ။အပေါ်ကလိုမျိုးADB ဖိုဒါမှာ CMD ဖွင့်လိုက်ပါ။ adb reboot recovery  ရိုက် enter ခေါက်ပါ။ recovery mode ကိုရောက်ပါပြီInstall ကိုရွေးပြီး SuperSU.zip fileကို Flash လုပ်ပေးလိုက်ပါ။ comfirm flash ရွေးပါ။ခနစောင့်လိုက်ပါ။Reboot ကျသွားပြီး ပြန်တက်လာရင် Root Acess ရရှိပါပြီ

Bootloader lock

 http://www.htcdev.com/bootloader 

ADB
 https://docs.google.com/uc?export=download&id=0BxzKWBQ99T28VDhkYURsNGdmTzA 

super su
 http://forum.xda-developers.com/one-e8/development/twrp-recovery-e8dual-sim-root-included-t2819571 

Recovery

  http://forum.xda-developers.com/one-e8/development/twrp-recovery-e8dual-sim-root-included-t2819571 


http://abtnet.blogspot.com

အိုင်တီပစ္စည်း အ၀ယ်လမ်းညွှန် (၁)

လက်တော့ပ် တစ်လုံး ၀ယ်တော့မယ်ဆိုရင် အဓိက သိထားရမယ့် အချက်ကတော့ ဒီလက်တော့ပ်ကို ဘာအတွက် အသုံးချမလဲဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် လက်တော့ပ်ဈေးကွက်က တနေ့တခြား ဈေးနှုန်းတွေ ကျဆင်းနေတော့ ဈေးချိုတဲ့ လက်တော့ပ်ကို ၀ယ်ထားတဲ့သူက တပန်းသာတာပဲ။ အဆင့်ထပ်မြှင့်လို့ မရတာတောင်မှ ဒီအဟောင်းကို စွန့်ပြီး နောက်ထပ်အသစ် ၀ယ်ဖို့ လက်မတွန့်တော့ဘူးပေါ့။

လက်တော့ပ် ကွန်ပျူတာ ၀ယ်ခြင်း (အပိုင်း-၁)
 
လက်တော့ပ် (ကွန်ပျူတာ) တစ်လုံးကို ၀ယ်ဖို့ ဆုံးဖြတ်ချက် ချရန် အင်မတန် ခက်ခဲလှပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်တော့ပ်ရဲ့ အသေးစိတ် လုပ်နိုင်စွမ်းရည်ကိုက တအားကို ရှုပ်ထွေးနေလို့ပါ။ ဒါကလည်း ဂရပ်ဖစ်ကဒ်ဆိုတဲ့ ရုပ်ပုံပြ စွမ်းဆောင်ရည် ကဒ်ကနေ ဘတ်(စ်) လမ်းကြောင်းပေါ်သို့ ဘယ်အတိုင်းအတာအထိ ထောက်ပံ့ပေးနိုင်သလဲ ဆိုတာကို သိတတ် နားလည်ခြင်း၊ နားမလည်ခြင်းတို့နဲ့လည်း ဆိုင်တယ်။

လက်တော့ပ် တစ်လုံး ၀ယ်တော့မယ်ဆိုရင် အဓိက သိထားရမယ့် အချက်ကတော့ ဒီလက်တော့ပ်ကို ဘာအတွက် အသုံးချမလဲဆိုတာပါပဲ။ ဖဲချပ်စတဲ့ (အပေါ့စား) ဂိမ်းတွေကို ဆော့ကစားချင်ရုံနဲ့ ဒေါ်လာ ၂၅၀၀ (မြန်မာငွေ သိန်းနှစ်ဆယ်) လောက်တန်တဲ့ တန်ဘိုးကြီး လက်တော့ပ်ကို ၀ယ်ပြီး ငွေမဖြုန်းချင်ပါနဲ့။

လက်တော့ပ် တစ်လုံး ၀ယ်တော့မယ်ဆိုရင် အောက်ဖော်ပြပါ လက်တော့ပ် အမျိုးအစား (၅) မျိုးကို စဉ်းစားစေလိုတယ်။ (လက်တော့ပ်ရဲ့ တံဆိပ်အမှတ်အသားနဲ့ မဆိုင်ပါ။)
အမျိုးအစား (၅) မျိုးမှာ-
၁။ သာမန်ကာလျှံကာသုံး လက်တော့ပ်
၂။ ခရီးဆောင်သုံး လက်တော့ပ်
၃။ အိမ်၊ ရုံးခန်းသုံး လက်တော့ပ်
၎။ မာလ်တီ မီဒီယာသုံး လက်တော့ပ်
၅။ ဂိမ်းဆော့ရန် လက်တော့ပ် ဖြစ်ပါတယ်။

လက်တော့ပ်တိုင်းနီပါး ၀ါယာလက်၊ ဟတ်ဒစ်၊ ဆောင်းကဒ် စသည်တို့ သမာရိုးကျ ပါဝင်စမြဲ ဖြစ်ပေမယ့် ထုတ်လုပ်တဲ့ ကုမ္ပဏီနှင့် အမျိုးအစားက ကွာသေးတယ်။ ဘယ်လိုပဲ ကွာနေပါစေ ဈေးနှုန်းကြီးရင် ကြီးသလို ပေးဝယ်ရသလောက် တန်တာ များပါတယ်။ (ဈေးကြီးပေး ၀ယ်ပြီး မကောင်းတဲ့ လက်တော့ပ်ကတော့ ရှားပါတယ်။)
နောက်ဆုံး ယျေဘုယျသဘောကို သိထားရမှာကတော့ ဈေးချို (ဈေးပေါ) လွန်းတဲ့ လက်တော့ပ်ကို မ၀ယ်မိဖို့ပါပဲ။ နောင်အခါ ဘယ်တော့မှ အဆင့်မြှင့်လို့ မရတော့တဲ့အတွက်ကြောင့်ပါ။ ဒက်(စ်)တော့ လို အဆင်မြှင့်ချင်ပါက ဟိုလဲဒီလဲ လက်တော့ပ်မှာ လဲလှယ်လို့ မရပါ။ 

၁။ သာမန်ကာလျှံကာသုံး လက်တော့ပ်
 
အင်တာနက် အသုံးပြုဖို့၊ အီးမေးလ် အ၀င်အထွက် စစ်ဆေးဖို့၊ ချက်ရွမ် ထိုင်ဖို့၊ သီချင်း နားထောင်ဖို့၊ ဗီဒီယို ကြည့်ဖို့အတွက်လောက်ပဲ လက်တော့ပ်ကို သုံးချင်ရင်တော့ သင်ဟာ သာမန်ကာလျှံကာသုံး လက်တော့ပ်ကိုပဲ ၀ယ်ပါ။ ဒါပေမယ့် ခက်တာက ရေပေါ်ဆီ လူအများစုဟာ ဒီလောက်သာ သုံးတတ်တာကိုပဲ သူတို့က ရေကြီးခွင်ကျယ်လုပ်ပြီး တကယ့်အကောင်းစား လက်တော့ပ်ကို ဈေးကြီးပေး ၀ယ်ထားကြတယ်။ သူတို့ရဲ့ ဂိုက်ဟန်ပန်ကိုကြည့်ပြီး အရောင်းဆိုင်က မဒီချောတွေ အကောင်းစား လက်တော့ပ်ကို မ၀ယ် ၀ယ်ဖြစ်အောင် တိုက်တွန်းတာလည်း ပါတယ် ထင်ပါရဲ့။

အဲ..ဈေးချိုချိုနဲ့ ၀ယ်ထားတဲ့ (သစ်ပေမယ့် မော်ဒယ်အောက်နေတဲ့) လက်တော့ပ်ကိုလည်း အထင်မစမောလ်နဲ့။ သူ့ရဲ့ ပုံသဏ္ဌာန်က ကြည့်မလှ၊ ထူနေပေမယ့် ခုခေတ် အများစု အသုံးချနေသလောက် (စာရိုက်၊ သီးချင်းနားထောင်၊ ဗီဒီယိုကြည့်လောက်) ကတော့ သူက အပျော့ပေါ့။ ဆော့ဝဲလ် အားလုံးနီးပါး အင်စတောလ် လုပ်လို့ရတယ်၊ သုံးလို့ရတယ်လေ။ ဘာပဲဖြစ်ဖြစ် လက်တော့ပ်ဈေးကွက်က တနေ့တခြား ဈေးနှုန်းတွေ ကျဆင်းနေတော့ ဈေးချိုတဲ့ လက်တော့ပ်ကို ၀ယ်ထားတဲ့သူက တပန်းသာတာပဲ။ အဆင့်ထပ်မြှင့်လို့ မရတာတောင်မှ ဒီအဟောင်းကို စွန့်ပြီး နောက်ထပ်အသစ် ၀ယ်ဖို့ လက်မတွန့်တော့ဘူးပေါ့။

သာမန်ကာလျှံကာသုံး လက်တော့ပ်ကို ၀ယ်တော့မယ်ဆိုရင် အောက်ပါ အချက်အလက် အနည်းအကျဉ်းကို သိထားပါ။

ဈေးနှုန်း
 
သာမန်ကာလျှံကာသုံး လက်တော့ပ်အတွက်နဲ့ ဒေါ်လာ ၆၀၀ ထက် ပိုမသုံးသင့်ပါ။ ခုခေတ်ထုတ် လက်တော့ပ်ကို ဒေါ်လာ ၄၀၀ ၀န်းကျင် ရနေပါပြီ။

မမ်မိုရီ (မှတ်ညာဏ်)
 
၂-ဂျီဘီ ရမ်ဆို ရလောက်ပါပြီ။ တကယ်လို့များ တစ်ပြိုင်တည်း တပ်ဂ်ျ (ဘရောက်ဆာ) နှစ်ခု သုံးခု ဖွင့်မထားရင် ၁-ဂျီဘီ ရမ်လောက်တောင် ရတယ်။

ဂရပ်ဖစ်ကဒ်
 
ဂရပ်ဖစ်ကဒ်ကို ဗီဒီယိုကဒ်၊ ဒစ်(စ်)ပလေကဒ်၊ ပီစီအိုင်ကဒ်ရယ်လို့ အမျိုးမျိုး ခေါ်ဆိုကြသေးတယ်။ ရုပ်ပုံကို ပိုမိုကြည်လင်တောက်ပအောင် စွမ်းဆောင်ပေးတဲ့ ကဒ်အမျိုးအစား ဖြစ်တယ်။ လက်တော့ပ်တိုင်း ဂရပ်ဖစ်ကဒ် မပါပေမယ့်၊ လက်တော့ပ်တိုင်း ဂရပ်ဖစ်က မရှိမဖြစ်ပါ။ ဆိုလိုတာက ဂရပ်ဖစ်ကဒ် မပါဝင်တဲ့ လက်တော့ပ်အတွက် မမ်မိုရီကဒ်ကပဲ ရုပ်ပုံအတွက် တာဝန်ယူပေးရတယ်။ မမ်မိုရီကဒ်ကနေ တစ်ဝက်ဖြစ်ဖြစ် သုံးပုံးတစ်ပုံးဖြစ်ဖြစ် ဂရပ်ဖစ်အတွက် ရှယ်ပေးရတယ်။ ဒါကြောင့် ကွန်ပျူတာ အနည်းငယ် နှေးတတ်တယ်။

ဂရပ်ဖစ်ကဒ် ပါဝင်တဲ့ လက်တော့ကတော့ မာသာဘုတ်မှာ သီးသန့်ကဒ်ဖြင့် စိုက်ထားတယ်။ သူ့ရဲ့စွမ်းဆောင်မှုပေါ် မူတည်ပြီး ရုပ်ပုံ ကြည်လင်ခြင်း၊ ထစ်အံ့ခြင်း ဖြစ်တတ်တယ်။ မမ်မိုရီနဲ့ မဆိုင်တော့ဘူး။ (မမ်မိုရီနဲ့ မဆိုင်ဘူး ပြောပေမယ့် မမ်မိုရီနဲ့ ကင်းလို့တော့ မရပါ။) ထည့်ထားတဲ့ ဂရပ်ဖစ်ကဒ် ကောင်းရင် ကောင်းသလို ရုပ်ပုံတွေက ကြည်လင်ပြတ်သားပြီး မြန်ဆန်စွာ ပြသပေးနိုင်တယ်။ သာမန်ကာလျှံကာသုံး လက်တော့ပ်အတွက်ကတော့ ဂရပ်ဖစ်ကဒ် သီးသန့် မလိုပါဘူး။ မမ်မိုရီ ကနေ ရှယ်ယာပေးထားတဲ့ ဂရပ်ဖစ်အတွက်နဲ့ပဲ လုံလောက်လှပါပြီ။ 

၂။ ခရီးဆောင်သုံး လက်တော့ပ်
 
အမြဲတမ်း ခရီးသွားနေရသူအဖို့တော့ ခရီးဆောင်သုံး လက်တော့ပ်ကို ရွေးဝယ်ပေါ့။ ခရီးဆောင်သုံး ဖြစ်တဲ့အတွက် သေးငယ်ပြီး ပေါ့ပါးတဲ့ လက်တော့ပ်ကို ရွေးချယ်ဖို့ မမေ့ပါနဲ့။ လက်တော့ပ် နည်းပညာကတော့ ပါးသထက် ပါးအောင်၊ စွမ်းဆောင်ရည် မြင့်သထက် မြင့်အောင် အပြိုင် ထုတ်လုပ်နေကြတယ်မို့လား။ အဲ.. ဘက္ထရီသက်တမ်း တာရှည်ခံ သုံးစွဲနိုင်တဲ့ လက်တော့ပ် ကိုလည်း ဦးစားပေးသင့်တယ်။ တစ်ချို့လက်တော့ပ်တွေက ၃-နာရီကနေ ၁၀ နာရီအထိ ဘက္ထရီ ခံတယ်။

ခရီးဆောင်သုံး လက်တော့ပ်ကို ၀ယ်တော့မယ်ဆိုရင် အောက်ပါ အချက်အလက် အနည်းအကျဉ်းကို သိထားပါ။

အလေးချိန်
 
အလေးချိန်ကတော့ အရေးပါတယ်။ လက်တော့ပ် မူအရဆိုရင် ပါးလွှားလေ ဈေးကြီးလေပဲ။ ၂-ကီလိုနဲ့ ၂-ကီလိုအောက်ရှိတဲ့ လက်တော့ပ်ကိုပဲ ရွေးဝယ်ပါ။ လေးနေမယ်ဆိုရင် သွားလေရာ သယ်ယူရတာ မသက်သာလှဘူး။

ဘက္ထရီသက်တမ်း
 
လျှပ်စစ်မီး ရမယ့်နေရာနဲ့ ဘယ်လောက်ကြာကြာ ဝေးကွာ နေရမယ်ဆိုတာကို တွက်ချက်ပြီး ချင့်ချိန် ၀ယ်ပါ။ အမြဲတမ်း လမ်းခရီးမှာပဲ အချိန်ကုန်နေမယ်ဆိုရင် ၈-နာရီလောက်ခံ ဘက္ထရီသက်တမ်း ရှိတဲ့ လက်တော့ပ်ကို ၀ယ်သုံးပါ။ (အိပ်ချိန်မှာ မီးအား ပြန်သွင်းရုံပေါ့)။
ဒါပေမယ့် အခုထုတ် လက်တော့ပ်အများစုကတော့ ဘက္ထရီသက်တမ်း ၄-နာရီနဲ့ ၅-နာရီကြာလောက်ပဲ ခံကြတယ်။ ၁၂-နာရီလောက် တာရှည်သုံးစွဲနိုင်တဲ့ လက်တော့ပ် ထုတ်နေပြီလို့ ကြားရတယ်။ ရှာဝယ်ပါ။

အရွယ်အစား
 
ခရီးဆောင်ဖြစ်တဲ့အတွက် မော်နီတာ ၁၃-လက်မထက် ပိုမကြီးရင် အဆင်ပြေမယ်။ ဒါပေမယ့် သေးငယ်လေ ပိုကောင်းလေပေါ့။ ၁၀-လက်မဆို အနေတော်ပေါ့။ ဒီဇိုင်းတို့ ဘာတို့ သိပ်လုပ်စရာမရှိရင် Netbook (နက်ဘုတ်) ကိုသာ ရွေးဝယ်ဖို့ ကောင်းတယ်။ အပါးလွှာဆုံး လက်တော့ပ်ကတော့ ၃-စင်တီမီတာပဲ ထူတယ်။

ဒရိုက် (DVC-drive/ HD-drive)
 
ဗီစီဒီ၊ ဒီဗီဒီ-ဒရိုက် တပ်ဆင်မထားရင် လက်တော့ပ်က ပိုပါးတယ်။ ၀ိတ်ချိန် ပိုနည်းတယ်။ တကယ်လို့ ဗီဒီယို ကြည့်ရမှာတို့၊ အခွေခုတ်ရမှာတို့ ရှိခဲ့ရင် အပြင်ဒရိုက် External Drive နဲ့ တွဲသုံးပေါ့။
ဗီစီဒီ၊ ဒီဗီဒီ-ဒရိုက် မပါခဲ့ရင် ဟတ်ဒစ်-ဒရိုက်ကို သိုလှောင်နိုင်တဲ့ မမာဏများများ ရွေးယူပါ။ ဟတ်ဒစ်-အနည်းဆုံး ၂၃၀ ဂျီဘီကနေ ၅၀၀ ဂျီဘီအထိ ရွေးဝယ်ပါ။

Credit: http://ayechanmon.blogspot.com


http://abtnet.blogspot.com

G730-U00 Build Number နောက်ဆုံး 151 Root & Myanmar Font & Keyboard သွင်းနည်း


G730-U00 Build Number နောက်ဆုံး 151 Vroot မတိုးသူများအတွက်

Myanmar,Root,Keyboard တစ်ခါထဲထည့်သွင်းပေးမည့် Boot Img လေး ကို ကိုဖြိုးချမ်း ဆီကနေပီး ပြန်

Share ပေးလိုက်ပါတယ်ခင်ဗျာ. အစကတော့ အစီအစဉ်မရှိပါဘူး။ အချို့က အဆင်မပြေဖြစ်နေကြလို့ပါ..

ဒါလေးကို SP Flash Tool ကနေ သွင်းလိုက်ရင်ရပါပြီ။ သွင်းပြီးလို့ ဖုန်းပြန်တက်လာ

လာခြင်း မြန်မာစာတွေလွဲနေရင် ရိုးရိုး Restart ချပေးပါ။

အောက်မှာ Boot Img နဲ့ SP Flash Tool နှစ်မျိုးစလုံး ကိုဒေါင်းယူ နိုင်ပါတယ်ခင်ဗျာ. 

ကိုဖြိုးချမ်း ကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ.

Boot image
 http://adf.ly/rVKoe 
SP flash tool
 http://adf.ly/rVLUL 


http://abtnet.blogspot.com

G6-C00 Auto Root & Myanmar Font Installer

   

G6-C00 ကို တစ်ခါထဲ မြန်မာဖောင့်,UnlockBootloader,Root
Access အစရှိတာတွေကိုတစ်ခါထဲထည့်ပေးသွားမှာပါ။ Tool ထဲမှာ Instruction
အပြည့်အစုံ မြန်မာလိုရေးပေးထားပါတယ်။

ဒီ Tool ကို ဒီမှာ ဒေါင်းပါ။

 http://d-h.st/8yk 


http://abtnet.blogspot.com

Samsung ဖုန်းများ Network မသိလျှင်

Samsung ဖုန်းများ Network မသိလျှင် Firmware ပြန်ရေးစရာ မလိုပါဘူး။ 1. အောက်ပါအတိုင်း လုပ်လိုက်ပါ။ – Dialer မှ ( ဖုန်းခေါ်ရန် နံပါတ်နှိပ်သော နေရာ) *#06# ဟု ရိုက်ထည့်ပေးလိုက်ပါ။ IMEI နံပါတ် ပြပါလိမ့်မယ်။ စာရွက်နဲ့ ရေးမှတ် ထားလိုက်ပါ။ ပြန်ထွက်လိုက်ပါ။ 2.နောက်တစ်ခါ Dialer မှ *#272*IMEI နံပါတ်# ရိုက်ထည့်ပေးလိုက်ပါ။ Customer Code များ ပြပေးပါလိမ့်မယ်။ 3.မိမိဖုန်းရဲ့ Customer Code ကို ရွေးပေးလိုက် ပြီး Install လုပ်ပေးလိုက်ပါ။ – 3IE – Ireland – 500 – I7500 Local Code […]


http://abtnet.blogspot.com

Facebook မှာ ရက် ၆၀ မစောင့်ပဲ နာမည်ချိန်းနည်း

Facebook အသုံးပြုသူ User များအနေနှင့် မိမိ တို့ရဲ့ Profile Name ကိုပြောင်းတဲ့အခါမှာ ပြဿနာ အမျိုး မျိုးနဲ့ ရင် ဆိုင် ကြုံတွေ့နေကြရပါတယ်။ တစ်ချို့ ကို နာမည်ကိုပြောင်းလိုက်ပြီးမှ မလိုချင်တော့ လို့ နောက် ထပ်နာမည် တစ်မျိုးပြန်ပြောင်းချင်တဲ့အခါ ပြောင်းလို့မရတော့ပဲ ရက်ပေါင်းခြောက်ဆယ် စောင့်ရမယ်လို့ Facebook Policy က ထုတ်ပြန်ရေးသားထားပါတယ်။
အချို့ User တွေကတော့ ရက်ပေါင်း ခြောက်ဆယ် စောင့်ရတာနဲ့ အဆင်ပြေတာရှိသလို အချို့ ကျတော့ လည်း အဆင်မပြေတာတွေ ရှိပါတယ်။ ဒီပြဿနာတွေပြေလည်စေဖို့အတွက် နည်းလမ်းလေးတစ်ခု မျှဝေပေး လိုက်ပါတယ်။ အဲ့ဒါကတော့ မိမိ ရဲ့ Facebook Profile Name ကိုရက်ပေါင်း ၆၀ စောင့်စ ရာမ လိုပဲ ချက်ချင်း ပြောင်းလဲနည်းပါ။


ပထမဦးဆုံးသင့်ရဲ့ Porfile Name ကိုပြောင်းလဲရန်အတွက် Facebook ရဲ့ Account Setting ထဲကိုဝင်လိုက်ပါ။
ပြီးတဲ့နောက်မှာတော့ Facebook Profile Name ကိုပြောင်းလဲရန်အတွက် Name ရဲ့ Edit ကိုနှိပ်လိုက်ပါ။ အကယ်၍ သင်ဟာ Profile Name ကိုပြောင်းလဲခွင့်ရရှိတဲ့လူဆိုရင် Full Name ကို အလွယ် တကူ ပြောင်းခွင့် ရရှိနိုင်မှာဖြစ်ပြီး ပြောင်းလဲခွင့်မရှိတဲ့လူကတော့ Full Name ဆိုတဲ့ text box လေးက မှိန်နေတာကိုတွေ့ရပါလိမ့်မယ်။ ပြီးတော့ အောက်မှာလည်း သင်ဟာ သင့်ရဲ့ Profile Name ကိုပြောင်း လဲပြီးသားဖြစ်နေတဲ့အတွက် နောက်ထပ် ရက်ပေါင်း ၆၀ စောင့်ပြီးမှသာ ပြောင်းလဲခွင့်ရရှိမယ် ( " You can't change your name right now because you've already changed it within the last 60 days." ) လို့ရေးသားထားပါတယ်။
ဒီလို ရေးသားထားတဲ့ စာကြောင်းရဲ့ တစ်ဆက်တည်းမှာပဲ Learn more ဆိုတဲ့ စာသားလေးကိုတွေ့  ရပါ လိမ့်မယ်။ အဲ့ဒီ စာသားလေးကို နှိပ်လိုက်ပါ။

ပြီးတဲ့နောက်မှာတော့ Facebook က သူ့ရဲ့ Policy Rule တွေကို ရှင်ပြထားတဲ့စာတွေကို တွေ့ရပါ လိမ့်မယ်။ အဲ့ဒီ စာသားတွေရဲ့ အောက်နားမှာတော့ သင့်အနေနဲ့ alternate name ကို Profile Name မှာ ထည့်သွင်းနိုင်တယ်ဆိုတဲ့ စာသားဖြစ်တဲ့ (You can also add an alternate name (ex: maiden name, nickname) to your profile. If your first and last name isn’t listed on your account and you’re unable to change it,) ဒီစာသားကိုတွေ့ရပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ Let us know ဆိုတဲ့ စာသားလေးလဲ တွေ့ရပါလိမ့်မယ်။
အဲ့ဒီ တွေ့ရတဲ့ Let us Know စာသားလေးကို နှိပ်လိုက်ပါ။


အဲ့ဒါပြီးရင် Changing Your Name ဆိုတဲ့ Form လေးတစ်ခု ကျလာပါလိမ့်မယ်။ အဲ့ဒီ form မှာ ကိုလိုချင်တဲ့ နာမည် First Name , Middle Name , Last Name နဲ့ Pick One ဆိုတဲ့ Choose Box မှာတော့ Other ကိုရွေးပေးလိုက်ပါ။
ဒါတွေပြီးရင် သင့်အတွက် အခက်ခဲဆုံး အပိုင်းရောက်လာပါပြီ။ အောက်နားမှာ Your ID ဆိုပြီး Choose Files လေး တစ်ခု တွေ့ရပါလိမ့်မယ်။ အဲ့ဒီ နေရာမှာတော့ သင့်ရဲ့ ဘာမှန်းမသိတဲ့ ID တွေလိုအပ်ပြီလို သင်ထင်ကောင်း ထင်နေပါလိမ့်မယ်။ အရမ်း အာရုံမနောက်သွားပါနဲ့။ သင့်ရဲ့ လက်ရှိတင်ထားတဲ့ Porfile Photo ကို သင့်ကွန်ပျူတာ တွင် save လိုက်ပြီး Changing Your Name ဆိုတဲ့ form ရဲ့ Choose Files လေးမှာ ထည့်ပေးလိုက်ပါ။
နောက်ဆုံးအဆင့်အနေနဲ့ ညာဘက်ထောင့်နားက Send ဆိုတဲ့ Button လေးကို နှိပ်ပေးလိုက်ပါ။ သင့်ရဲ့ Facebook Profile Name ကို စက္ကန့်ပိုင်းအတွင်းရရှိတာကို သင်မြင်တွေ့ရပါလိမ့်မည်။
Facebook User အားလုံး Profile Name တွေ စိတ်ကြိုက်ပြောင်းလဲ နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..