အားလုံးပဲမင်္ဂလာပါ…..
ကျွန်တော်အခု Samsung Galaxy Note 3 ကို OneClick root နဲ့ ဖောက်တဲ့နည်းလမ်းကိုပြောပြသွားမှာဖြစ်ပါတယ်။ အလွယ်ဆုံးနည်းလမ်းပါပဲ။ လုပ်ငန်းစဉ်စတင်လိုက်ရအောင်……
မလုပ်ခင်တော့ ဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ data တွေကို backup ယူထားတာအကောင်းဆုံးပါပဲ…အဲဒါကြောင့်မို့ အရင်ဆုံး backup ယူထားပါ။ Backup ယူထားပြီးလျှင် အောက်ကလင့်မှာ လိုအပ် file တွေ root file တွေကိုဒေါင်းထားလိုက်ပါ။
Samsung Kies
http://www.samsung.com/in/support/usefulsoftware/KIES/JSP
Kingo Root
http://www.kingoapp.com/index.html
အားလုံးလဲဒေါင်းပြီးပြီဆိုရင်…..
ဖုန်းကို အနည်းဆုံး ဘက်ထရီ 60% လောက်ရှိအောင်ထားပါ။ နောက် USB Debugging On ထားရပါမယ်။ USB Debugging On ဖို့အတွက် Setting >>> Developer Option >>> USB Debugging On ပေးလိုက်ပါ။
Battery level လဲ အသင့်အတင့်ရှိပြီ USB Debugging လဲ On ထားပြီးပြီဆိုရင် စောစောက ဒေါင်းထားတဲ့ Kingo Root ဖိုင်ထဲက exe file ကို run ပေးလိုက်ပါ။ Kingo Root Windows Screen တတ်လာရင် ဖုန်းကို Normal Mode အခြေအနေနဲ့ USB cable ကြိုးထိုးလိုက်ပါ။ Connect ချိတ်ဆက်သွားတာကို တွေ့ရပါလိမ့်မယ်….
စတင်ပြီ Root စဖောက်ဖို့အတွက် Root ဆိုတဲ့ button ကို click နှိပ်လိုက်ပါ။ ဒါဆို Root စတင်ဖောက်နေပါပြီ…
Rooting လုပ်နေတဲ့ အချိန်မှာ Message တစ်ခုကျလာပါလိမ့်မယ်… အဲဒီမှာ I understand that this app may be dangerous ကို အမှန်ခြစ် On ပြီ install လုပ်လိုက်ပါ။
ပြီလျှင် ဖုန်းက Reboot ကျသွားပါလိမ့်မယ်။
Kingo Root Windows Screen ကို ကြည့်ရင်လည်း Finish ဆိုတဲ့ စာသားပေါ်လာတာကိုတွေရပါလိမ့်မယ်……
ဖုန်းက Reboot ပြန်တတ်လာရင် Samsung Galaxy Note 3 ထဲမှာ SuperSu ပုံလေးပေါ်လာတာကိုတွေ့ရပါလိမ်မယ်…
ဒါဆိုအောင်မြင်စွာနဲ့ Root ဖောက်နိုင်ခဲ့ပါပြီ… မယုံဘူးဆိုရင်တော့ Root Checker ဆော့ဝဲနဲ့စစ်ကြည့်နိုင်ပါတယ်….
အောက်ကလင့်မှာ Root checker Software ပါ….
https://play.google.com/store/apps/details…
အားလုံးအဆင်ပြေကြပါစေ.....
Credit : Original Author
No comments:
Post a Comment